Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ် လွယ်ဂျယ်နှင့်ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ပါသည်။ Covid-19 ရောဂါ ဖြစ်ပွားမှုကြောင့် နှစ်နိုင်ငံကုန်သွယ်မှုများရပ်ဆိုင်းထားခဲ့ရာ ယခုအခါ လွယ်ဂျယ်နှင့်ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ပြီး တစ်ပတ် ထက်တစ်ပတ် ကုန်သွယ်မှုများလာသော်လည်း ယခင်ပုံမှန်ကုန်သွယ်မှုပမာဏသို့မရောက်ရှိသေးကြောင်းသိရှိရပါသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်မှ ဖေဖော်ဝါရီလ ၄ ရက်နေ့များအတွင်း တင်ပို့ခဲ့သည့်ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ကြံ၊ ပြောင်း၊ ငရုတ်သီး၊ ဆန်ကွဲ၊ ဆန်နှင့် မြေတောက်ပဲများ တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏသည် ၉၉၆၉၂၃ ဒဿမ ၈၉ ကန်ဒေါ်လာ ဖြစ်ပြီး၊ ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏမှာ ၁၈၈၇၆၃၈ ဒေါ်လာဖြစ်၍ တင်ပို့ကုန်၏ ငွေပမာဏ စုစုပေါင်းတန်ဖိုးမှာ ၂၈၈၄၅၆၁ ဒဿမ ၈၉ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

သွင်းကုန်ပစ္စည်းများမှာ Cargo Container 45' feet ၊ ဆေးဝါးပစ္စည်းများ၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ကုန်ထုတ်စက္ကူများ၊ စက်နှင့်စက်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ချည်ထည်များ၊ အင်ဂျင်များ၊ အပ်ချည်ကြိုးများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများတင်သွင်းမှုရှိခဲ့ပါသည်။ ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ ၃၄၈၀၀ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ ၄၇၅၆၂၈ ဒဿမ ၉၅ ဖြစ်၍ တင်သွင်းကုန်၏ စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၅၁၀၄၂၈ ဒဿမ ၉၅ တင်သွင်းမှုရှိခဲ့ပါသည်။

မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေ ကျပ် ၁၀၀ လျှင် တရုတ်ယွမ် သုည ဒဿမ ၃၅၇ ယွမ်ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၈၀ ဒဿမ ၁၁ ကျပ်ရှိကြောင်းသိရှိရပါသည်။

 

မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News